ဂျပန်ကာလတိုနေထိုင်ခွင့်ဗီဇာ(အလည်ဗီဇာ) အတွက်သိကောင်းစရာများ

ကာလတိုနေထိုင်ခွင့်ဗီဇာ 短期滞在ビザ (Tankitai Visa) ဆိုတာက ဂျပန်နိုင်ငံကို ခရီးသွားရောက်လည်ပတ်ခြင်း၊ မိတ်ဆွေ/မိသားစုတွေနဲ့တွေ့ဆုံခြင်း၊Business trip အရသွားရောက်ခြင်းတို့အတွက် လျှောက်ထားရတဲ့ ဗီဇာပဲဖြစ်ပါတယ်။ အများဆုံးရက် ၉၀ အထိနေခွင့်ရနိုင်ပါတယ်။

🧳 မိမိအစီအစဉ်ဖြင့်သွားရောက်လည်ပတ်မည်ဆိုပါက

✅ လိုအပ်သောစာရွက်စာတမ်းများ

  • 🛂 နိုင်ငံကူးလက်မှတ်
  • 📝 ဗီဇာလျှောက်လွှာပုံစံ
  • 📸 ဓာတ်ပုံ (45mm x 45mm, ၆လအတွင်း ရိုက်ကူးထားရမည်)
  • ✈️ အသွားအပြန်လေယာဉ်လက်မှတ် ကြိုတင်မှာထားကြောင်းအထောက်အထား

📌

  • 👨‍💼 ကုမ္ပဏီဝန်ထမ်း
    • အလုပ်အကိုင်ထောက်ခံစာ (ရာထူး၊ ဝင်ရက်၊ လစာ၊ ခွင့်ရက် ဖော်ပြရန်)
  • 👨‍🎓 ကျောင်းသား
    • ကျောင်းတက်နေကြောင်းထောက်ခံစာ + အုပ်ထိန်းသူ၏အလုပ်အကိုင်ထောက်ခံစာ
  • 👩‍👧 မှီခိုသူ
    • မှီခိုနေသူ၏အလုပ်အကိုင်ထောက်ခံစာ

💴 ဘဏ်စာအုပ် (မူရင်းနှင့် မိတ္တူ) 🗓 နေထိုင်သွားလာမည့်အစီအစဉ် (ရက်အလိုက်၊ တည်းခိုမည့်နေရာ၊ ဆက်သွယ်ရန်) 🏨 ဟိုတယ်ကြိုတင်မှာထားကြောင်းအထောက်အထား

📌 သတိပြုရန်

  • 🗓 စာရွက်စာတမ်းများသည် ထုတ်ပေးသည့်နေ့မှ ၃လအတွင်း ဖြစ်ရမည်။
  • 🈶 မြန်မာလိုစာတမ်းအားလုံးကို ဂျပန်/အင်္ဂလိပ်ဘာသာပြန်နှင့် တင်ရမည်။
  • 📄 မူရင်း + မိတ္တူ တင်ရန်လိုအပ်သည်။

👪 ဆွေမျိုး / မိတ်ဆွေအလည်အပတ်ဖြင့်သွားပါက

✅ လိုအပ်သောစာရွက်စာတမ်းများ

  • 🛂 နိုင်ငံကူးလက်မှတ်
  • 📝 ဗီဇာလျှောက်လွှာပုံစံ
  • 📸 ဓာတ်ပုံ (45mm x 45mm)
  • ✈️ အသွားအပြန်လေယာဉ်လက်မှတ်
  • 👨‍👩‍👧‍👦 အိမ်ထောင်စုစာရင်း
  • 🧾 ဆွေမျိုး / မိတ်ဆွေဖြစ်ကြောင်းအထောက်အထား
  • 📬 ဆက်သွယ်မှုသက်သေများ (ဓာတ်ပုံ၊ အီးမေးလ်၊ စာတို၊ SNS)

💴 ထောက်ပံ့မှုရှိသူဖြစ်လျှင် ဘဏ်စာအုပ်မူရင်းနှင့်မိတ္တူ 📄 အလုပ်အကိုင်ထောက်ခံစာ

👨‍💼 ဂျပန်ဘက်မှ ဖိတ်ခေါ်သူထံမှ

  • 📩 ဖိတ်ခေါ်စာ
  • 🗂 ဖိတ်ခေါ်ရသည့်အကြောင်းအရာသက်သေစာရွက်စာတမ်းများ
  • 🗓 နေထိုင်သွားလာမည့်အစီအစဉ်
  • 👨‍👩‍👧‍👦 ဂျပန်ဖိတ်ခေါ်သူ၏JUMINHYO
  • 🛂 နိုင်ငံခြားသားဖြစ်ပါက Residence Card မိတ္တူ / Passport မိတ္တူ

💰 ကုန်ကျစရိတ်ကျခံသူဖြစ်ပါက

  • ၀င်ငွေခွန်အထောက်အထားပြစာရွက်စာတမ်း ဘဏ်စာအုပ်မိတ္တူ၊ KAKUTEI SHINKOKUSHO HIKAE

📌 သတိပြုရန်

  • 🗓 စာရွက်စာတမ်းများသည် ထုတ်သည့်နေ့မှ ၃လအတွင်း ဖြစ်ရမည်။
  • 🈶စာရွက်စာတမ်းများအား ဂျပန်/အင်္ဂလိပ်ဘာသာပြန်ပါ။


Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top