Tokutei Ginou ကနေ PR (အမြဲတမ်းနေထိုင်ခွင့်)

ပုံမှန်အားဖြင့် PR လျှောက်ဖို့ဆိုရင်

🔳ဂျပန်မှာ ၁၀ နှစ်ဆက်တိုက်နေထိုင်သူ

(၁၀နှစ် မပြည့်လည်း ပွိုင့်စနစ်ဖြင့်ပွိုင့်ပြည့်ပါက လျှောက်ထားနိုင်ပါတယ်။)

🔳နေထိုင်တဲ့ဆယ်နှစ်အတွင်း ၅နှစ်အလုပ်လုပ်ဖူးသူ

ဖြစ်ရပါမယ်။

ဒီလိုဆိုတော့Training Visaနဲ့ ၅နှစ် Tokutei Ginou 1号နဲ့ ၅နှစ်

အလုပ်လုပ်ပြီးရင် ၁၀နှစ်ပြည့်ပြီဆိုတော့ PR

လျှောက်လို့ ရပြီ ဆိုပြီး ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမယ့်လျှောက်ထားလို့ မရနိုင်ပါဘူး။❌

◾️Training Visa , Tokutei Ginou 1号 နဲ့ နေထိုင်ခွင့််

ကာလဟာ ၅နှစ် အထိပဲရှိတာအတွက်ကြောင့် အလုပ်လုပ်တဲ့ ၅နှစ်အဖြစ်ထည့်သွင်းရေတွက်ခြင်းမရှိလို့ပါ။

◾️ဂျပန်မှာနေထိုင်တဲ့ကာလအဖြစ်နဲ့တော့ ထည့်သွင်းရေတွက်ခြင်းရှိပါတယ်။

ဘယ်လိုအခြေအနေဆိုရင်Tokutei Ginou ကနေ PR ပြောင်းလျှောက်နိုင်မလဲ?

◾️Tokutei Ginou 1号ကနေ 2号ပြောင်းလိုက်ရင်တော့ PR လျှောက်ဖို့ အကျုံးဝင်ပါတယ်။

◾️1号ကနေ 2号ပြောင်းဖို့ဆိုရင်

外食業 စားသောက်ဆိုင် နဲ့အလုပ်လုပ်နေပါက

-2号စာမေးပွဲအောင်ထားရမယ်

-ဂျပန်စာ N3နဲ့ အထက်ရှိရမယ်

-副店長、サブマネージャー ရာထူးနဲ့ ၂နှစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရမယ်

အဲ့လိုဆိုရင် 特定技能2号ကိုပြောင်းနိုင်မှာဖြစ်ပါတယ်။

⚠︎တစ်ခု သတိထားရမှာကတော့ ကိုယ်က 副店長、

サブマネージャーဖြစ်ပါလျက်နဲ့ နေထိုင်ခွင့်

သက်တမ်းတိုးတဲ့အချိန်မှာ အဲ့တာထည့်မရေးရင်

ရိုးရိုးရာထူးနဲ့ပဲ လုပ်နေသလိုဖြစ်သွားမှာပါ။

ဒါကြောင့် သက်တမ်းတိုးတဲ့အချိန်မှာ သတိပြုဖို့ လိုအပ်ပါတယ်။

————————————————————————

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top