
ပုံမှန်အားဖြင့် PR လျှောက်ဖို့ဆိုရင်
ဂျပန်မှာ ၁၀ နှစ်ဆက်တိုက်နေထိုင်သူ
(၁၀နှစ် မပြည့်လည်း ပွိုင့်စနစ်ဖြင့်ပွိုင့်ပြည့်ပါက လျှောက်ထားနိုင်ပါတယ်။)
နေထိုင်တဲ့ဆယ်နှစ်အတွင်း ၅နှစ်အလုပ်လုပ်ဖူးသူ
ဖြစ်ရပါမယ်။
ဒီလိုဆိုတော့Training Visaနဲ့ ၅နှစ် Tokutei Ginou 1号နဲ့ ၅နှစ်
အလုပ်လုပ်ပြီးရင် ၁၀နှစ်ပြည့်ပြီဆိုတော့ PR
လျှောက်လို့ ရပြီ ဆိုပြီး ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့်လျှောက်ထားလို့ မရနိုင်ပါဘူး။![]()
Training Visa , Tokutei Ginou 1号 နဲ့ နေထိုင်ခွင့််
ကာလဟာ ၅နှစ် အထိပဲရှိတာအတွက်ကြောင့် အလုပ်လုပ်တဲ့ ၅နှစ်အဖြစ်ထည့်သွင်းရေတွက်ခြင်းမရှိလို့ပါ။
ဂျပန်မှာနေထိုင်တဲ့ကာလအဖြစ်နဲ့တော့ ထည့်သွင်းရေတွက်ခြင်းရှိပါတယ်။
ဘယ်လိုအခြေအနေဆိုရင်Tokutei Ginou ကနေ PR ပြောင်းလျှောက်နိုင်မလဲ?
Tokutei Ginou 1号ကနေ 2号ပြောင်းလိုက်ရင်တော့ PR လျှောက်ဖို့ အကျုံးဝင်ပါတယ်။
1号ကနေ 2号ပြောင်းဖို့ဆိုရင်
外食業 စားသောက်ဆိုင် နဲ့အလုပ်လုပ်နေပါက
-2号စာမေးပွဲအောင်ထားရမယ်
-ဂျပန်စာ N3နဲ့ အထက်ရှိရမယ်
-副店長、サブマネージャー ရာထူးနဲ့ ၂နှစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရမယ်
အဲ့လိုဆိုရင် 特定技能2号ကိုပြောင်းနိုင်မှာဖြစ်ပါတယ်။
⚠︎တစ်ခု သတိထားရမှာကတော့ ကိုယ်က 副店長、
サブマネージャーဖြစ်ပါလျက်နဲ့ နေထိုင်ခွင့်
သက်တမ်းတိုးတဲ့အချိန်မှာ အဲ့တာထည့်မရေးရင်
ရိုးရိုးရာထူးနဲ့ပဲ လုပ်နေသလိုဖြစ်သွားမှာပါ။
ဒါကြောင့် သက်တမ်းတိုးတဲ့အချိန်မှာ သတိပြုဖို့ လိုအပ်ပါတယ်။
————————————————————————