Onlineကနေ My Number Card သုံးပြီး အိမ်ပြောင်းလို့ရပါတယ်

ပုံမှန်ဆိုရင် ဂျပန်နိုင်ငံမှာ အိမ်ပြောင်းဖို့အတွက် 市役所 (သို့) 区役所ကို လူကိုယ်တိုင်သွားလျှောက်ရတော့ အချိန်သီးသန့်ပေးရတက်ပါတယ်

ဒါပေမည့် အခုတော့ 市役所 (သို့) 区役所 ကို တိုက်ရိုက်သွားဖို့မလိုဘဲ Online ကနေ လျှောက်လို့ရနိုင်တဲ့ One-Stop Service ရှိနေပါပြီ 💯

လိုအပ်တာကတော့ မိမိရဲ့ マイナンバーカード (My Number Card) က အဓိကပါ

လက်ရှိရပ်ကွက်ကနေ ထွက်ခွာပြောင်းရွှေ့ကြောင်း 転出届 (Moving-Out Notification) ကို ရပ်ကွက်ရုံးမသွားဘဲ Online ကနေ အောက်ပါအတိုင်းလျှောက်လွှာတင်နိုင်တယ်

🔺 အဆင့်(၁)

マイナポータル (Myna Portal) ဝင်ရခြင်း

•Website Link: https://myna.go.jp/html/moving_oss.html

• マイナンバーカード + 暗証番号 + スマホ ( သို့ ) NFC တစ်ခုခုပါဝင်တဲ့ Smartphone/Device လိုအပ်တယ်

•My Number Card ၊ My Number လုပ်တုံးကထားရှိခဲ့တဲ့ Password 2ခု ၊ My Number Card ကို Scan ဖတ်ဖို့ NFC ပါတဲ့ ဖုန်းအမျိုးအစား နှင့် Mail လိုအပ်ပါတယ်

🔺 အဆင့်(၂)

引越し前の市区町村 ကို 通知 (転出届) ခြင်း

• မိမိ အိမ်ပြောင်းမယ်ဆိုတာကို Online ကနေ တင်ပြပြီးတာနဲ့

転出証明書 (Moving-Out Certificate) အစား online ကနေပဲ Mail ပို့ပေးပါတယ်

🔺 အဆင့်(၃)

ကိုယ်ပြောင်းမယ့် နေရာကရပ်ကွက်ရုံးကို အသိပေးပေးပါတယ်

転入予定の市区町村) ကို 通知

• မိမိက ဘယ်သူဖြစ်ကြောင်း၊ ဘယ်နေ့မှာပြောင်းရွေ့နေထိုင်မှာဖြစ်ကြောင်း၊ ပြောင်းမယ့်ရပ်ကွက်ရုံးဘက်ကို Onlineကနေ အပေါ်က အဆင့်(၂)ဆင့်အတိုင်း လုပ်ဆောင်ပြီးတာနဲ့ အသိပေးထားကြပါတယ်

🔺 အဆင့်(၄)

အိမ်ပြောင်းပြီးလို့ Mailရတာနဲ့ ရပ်ကွက်ရုံးကို (14) ရက်အတွင်းသွားဖို့ လိုအပ်ကြောင်းသတိပြုပါ

• マイナンバーカード(My Number Card) ကို ယူသွားပြီး လိပ်စာအသစ် ထည့်သွင်းပြီး Cardအသစ်ပြုလုပ်ဖို့ လိုအပ်ပါတယ်

• Zairyu Card မှာပါတဲ့ လိပ်စာကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်

Onlineကတဆင့်လျှောက်လွှာတင်ဖို့ လိုအပ်ချက်များ

• マイナンバーカード (暗証番号 မှတ်မိရပါမယ်)

• スマートフォン (NFC ပါရပါမယ်)

• マイナポータル アプリ (スマホမှာ Install ပြုလုပ်ထားရပါမယ်)

Onlineကတဆင့်လျှောက်လွှာတင်ဖို့ သတိပြုရန်အချက်များ

• နေ့ချင်းမရဘဲ ရက်ပိုင်းကြာနိုင်တာဖြစ်လို့ ကြိုတင်လျှောက်ထားဖို့လိုအပ်ပါတယ်

•ရပ်ကွက်ရုံးအသစ်မှာ လိပ်စာသွားပြောင်းလို့ရပြီဆိုရင် Mail ပို့ပေးပါတယ်

• Mail ရမှ သွားလို့ရမှာပါ(Mailရပြီး 14ရက်အတွင်းသွားရပါမယ်)

• အိမ်ပြောင်းပြီး 14ရက်အတွင်း ရပ်ကွက်ရုံးအသစ်မသွားရင် マイナンバーカード သုံးမရဖြစ်နိုင်ပါတယ်

• မိမိနေရာသစ်က Online ကနေ လျှောက်လို့ရလား စစ်ဆေးဖို့လည်းလိုအပ်ပါတယ်

အသေးစိတ် အကြောင်းအရာအတွက်အောက်ပါ Websiteများမှာ ထပ်တိုးလေ့လာနိုင်ပါတယ်

• マイナポータル公式サイト (日本語) (https://myna.go.jp/html/moving_oss.html)

• Digital Agency (English) (https://www.digital.go.jp/…/pol…/moving_onestop_service/)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top