
🧑🏫အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်
လျှောက်ထားဖို့ဆိုရင်
宅建士လက်မှတ်ကိုင်ဆောင်ထားသူ မဖြစ်မနေ
လိုအပ်ပါတယ်။
🏠 宅建士 ဆိုတာဘာလဲ?
宅建士(たっけんし) ဆိုတာက
အိမ်ခြံမြေ၊ တိုက်ခန်း၊ မြေကွက် တွေကို ရောင်းဝယ်၊
ငှါးရမ်းတဲ့အခါမှာ အရေးကြီးတဲ့ စာချုပ်
အကြောင်းအရာအချက်အလက်တွေကို ရေးသား၊
ရှင်းပြ၊လက်မှတ်ထိုးပေးရတဲ့ တာဝန်ရှိသူဖြစ်ပါ
တယ်။
📚 宅建士ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?
宅建士ဖြစ်ဖို့ဆိုရင်တစ်နှစ်မှာ တစ်ကြိမ်သာကျင်းပ
တဲ့ 宅地建物取引士စာမေးပွဲကို ဖြေဆိုအောင်မြင်ရပါမယ်။
နှစ်စဉ်အောင်ချက်ရာခိုင်နှုန်းက 15-17%ပါ။🧐
🔎ဆိုလိုတာက ဂျပန်တွေတောင်
အယောက် ၁၀၀ဖြေမှ ၁၅/၁၇ယောက်လောက်ပဲ
အောင်တဲ့စာမေးပွဲပါ။☹️
❕စာမေးပွဲက အပုဒ် ၅၀ ကို ၂နာရီကြာဖြေဆိုရမှာဖြစ်ပါတယ်။
❕၃၅မှတ်လောက်ရရင် အောင်နိုင်ပါတယ်။
❕အဖြေဝိုင်းရုံပဲဆိုပေမယ့် ဖတ်ရတဲ့စာကြောင်းတော်တော်ရှည်ပါတယ်။
❕Reading ပိုင်းတော်တော်ကောင်းဖို့လိုအပ်ပါတယ်။
📌စာမေးပွဲအောင်တာနဲ့ 宅建士လက်မှတ်တန်းရမှာ
မဟုတ်သေးပါဘူး။
📌အိမ်ခြံမြေလုပ်ငန်းအတွေ့အကြုံ၂နှစ်နှင့်
အထက်ရှိရင်တော့ လက်မှတ်လျှောက်ထားနိုင်ပြီး၊
အတွေ့အကြုံမရှိရင် သတ်မှတ်ထားတဲ့ သင်တန်း
ထပ်မံတက်ရောက်ပြီးမှ လျှောက်ထားနိုင်မှာပါ။
✨ 宅建士 ဖြစ်တာနဲ့ရရှိမယ့် အကျိုးကျေးဇူး
🏢 ကိုယ်ပိုင် အိမ်ခြံမြေအကျိုးဆောင်Company ဖွင့်လို့ရတယ်
💼 ဝန်ထမ်းဆိုရင်လည်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရှိလာမယ်
💰 လစာတိုးနိုင်ပါတယ်။
🔗အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကအခုနှစ်ပိုင်း နိုင်ငံခြားသားဝန်ထမ်းတွေ ခေါ်ယူမှုများနေတဲ့ လုပ်ငန်းဖြစ်တာကြောင့်
🇯🇵 JLPT LEVEL မြင့်အောင်မြင်ပြီးသူတွေအနေနဲ့ Challenge လုပ်သင့်တဲ့ လက်မှတ်တစ်ခုလို့ထင်ပါတယ်။
————————————————————————
https://khachannel.com/blog/