
ပုံမှန်အားဖြင့် PR လျှောက်ဖို့ဆိုရင်
ဂျပန်မှာ ၁၀ နှစ်ဆက်တိုက်နေထိုင်သူ
(၁၀နှစ် မပြည့်လည်း ပွိုင့်စနစ်ဖြင့်ပွိုင့်ပြည့်ပါက လျှောက်ထားနိုင်ပါတယ်။)
နေထိုင်တဲ့ဆယ်နှစ်အတွင်း ၅နှစ်အလုပ်လုပ်ဖူးသူ
ဖြစ်ရပါမယ်။
ဒီလိုဆိုတော့Training Visaနဲ့ ၅နှစ် Tokutei Ginou 1号နဲ့ ၅နှစ်
အလုပ်လုပ်ပြီးရင် ၁၀နှစ်ပြည့်ပြီဆိုတော့ PR
လျှောက်လို့ ရပြီ ဆိုပြီး ထင်ကောင်းထင်နိုင်ပါတယ်။
ဒါပေမယ့်လျှောက်ထားလို့ မရနိုင်ပါဘူး။
Training Visa , Tokutei Ginou 1号 နဲ့ နေထိုင်ခွင့််
ကာလဟာ ၅နှစ် အထိပဲရှိတာအတွက်ကြောင့် အလုပ်လုပ်တဲ့ ၅နှစ်အဖြစ်ထည့်သွင်းရေတွက်ခြင်းမရှိလို့ပါ။
ဂျပန်မှာနေထိုင်တဲ့ကာလအဖြစ်နဲ့တော့ ထည့်သွင်းရေတွက်ခြင်းရှိပါတယ်။
ဘယ်လိုအခြေအနေဆိုရင်Tokutei Ginou ကနေ PR ပြောင်းလျှောက်နိုင်မလဲ?
Tokutei Ginou 1号ကနေ 2号ပြောင်းလိုက်ရင်တော့ PR လျှောက်ဖို့ အကျုံးဝင်ပါတယ်။
1号ကနေ 2号ပြောင်းဖို့ဆိုရင်
外食業 စားသောက်ဆိုင် နဲ့အလုပ်လုပ်နေပါက
-2号စာမေးပွဲအောင်ထားရမယ်
-ဂျပန်စာ N3နဲ့ အထက်ရှိရမယ်
-副店長、サブマネージャー ရာထူးနဲ့ ၂နှစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရမယ်
အဲ့လိုဆိုရင် 特定技能2号ကိုပြောင်းနိုင်မှာဖြစ်ပါတယ်။
⚠︎တစ်ခု သတိထားရမှာကတော့ ကိုယ်က 副店長、
サブマネージャーဖြစ်ပါလျက်နဲ့ နေထိုင်ခွင့်
သက်တမ်းတိုးတဲ့အချိန်မှာ အဲ့တာထည့်မရေးရင်
ရိုးရိုးရာထူးနဲ့ပဲ လုပ်နေသလိုဖြစ်သွားမှာပါ။
ဒါကြောင့် သက်တမ်းတိုးတဲ့အချိန်မှာ သတိပြုဖို့ လိုအပ်ပါတယ်။
————————————————————————