ဂျပန် Work Visa (技人国ビザ)

ဂျပန်မှာ ပညာရှင်အလုပ် (white-collar job) လုပ်ချင်သူတွေ အတွက် Work Visa ဟာ အရေးကြီးတဲ့အထဲမှာတစ်ခုပါ။ Work Visa ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်တွေလုပ်လို့ရလဲ၊ ဘယ်လိုလိုအပ်ချက်တွေဖြစ်မလဲဆိုတာအပြည့်အစုံ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။



1) Work Visa ဆိုတာဘာလဲ?

ဂျပန်လို “技術・人文知識・国際業務ビザ(Gijinkoku Visa)” လို့ခေါ်ပြီး၊ ပညာရှင်အလုပ်များတွင်လုပ်ကိုင်နိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။

  • ဥပမာ – IT, Marketing, Translator, Designer, Office Work စတဲ့ နယ်ပယ်တွေ

2) မြန်မာနိုင်ငံကနေ Work Visa လျှောက်ဖို့ဘာတွေလို?

🇲🇲 မြန်မာမှ Work Visa လျှောက်ဖို့ အခြေခံလိုအပ်ချက်များမှာ –

  • ဘွဲ့တစ်ခုခု ရထားရမယ် (ဘွဲ့မရှိပါက နယ်ပယ်နှစ် ၁၀ အတွေ့အကြုံရှိရမယ်)
  • ဘာသာပြန်၊စကားပြန်အလုပ်ဆို အလုပ်အတွေ့အကြုံ ၃နှစ်နှင့်အထက်ရှိရမယ်)
  • IT ပိုင်းဆိုရင် ITPEC စာမေးပွဲအောင်ထားခြင်း
  • JLPT N2 အထက်ရှိခြင်း (လုပ်ငန်းခွင်တွင်အဆင်ပြေစေရန်)

3) ဘွဲ့နဲ့အလုပ်နယ်ပယ် ပတ်သက်မှု

လျှောက်မယ့်အလုပ်နဲ့ ဘွဲ့ရထားတဲ့အကြောင်းအရာ တူရပါမယ်။
ဥပမာ –
📘 Engineering ဘွဲ့ရထားသူက Developer, CAD Engineer စတဲ့နယ်ပယ်နဲ့ပတ်သက်တဲ့အလုပ်လျှောက်လို့ရပါမယ်။



    4) ဗီဇာသက်တမ်းနဲ့အခွင့်အရေးများ

    Work Visa သက်တမ်းများမှာ –

    • 1 နှစ် / 3 နှစ် / 5 နှစ်
      သက်တမ်းကုန်သွားလည်း ထပ်တိုးနိုင်ပါတယ်။

    🎯 သတ်မှတ်ချက်ပြည့်ပါကအမြဲတမ်းနေထိုင်ခွင့်, နိုင်ငံသားပြောင်းခြင်းတို့လည်း လုပ်နိုင်ပါသည်။


    5) လုပ်ခလစာ (Salary)

    အလုပ်ဝင်ခါစ–
    💴 ¥180,000 ~ ¥250,000 / လ
    📦 ဘောနပ်စ်နှစ် ၂ ကြိမ်
    🕒 အချိန်ပိုလုပ်လျှင် OT ကြေး


    5) Work Visa ရဲ့ အားသာချက်များ

    ✨ ဂျပန်လူမျိုးတွေနဲ့တန်းတူအခွင့်အရေး
    ✨ ပိတ်ရက်များ
    ✨ လုပ်ခလစာကောင်း
    ✨ အလုပ်ပြောင်းနိုင်
    ✨ နောက်ပိုင်းတွင် Long-term visa ပြောင်းလို့ရ



    Work Visa ဟာ ဂျပန်မှာ ရေရှည်နေထိုင်ပြီး ပညာရှင်အလုပ်လုပ်ချင်တဲ့သူတွေ အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

    📩 မေးစရာရှိရင် Comment မှာမေးနိုင်ပါတယ်။


    Leave a Comment

    Your email address will not be published. Required fields are marked *

    Scroll to Top