資格外活動許可 (Shikaku Gai Katsudo Kyoka) အလုပ်လုပ်ခွင့်ခွင့်ပြုချက်

資格外活動許可 သည် ဂျပန်နိုင်ငံ၌ သင့်၏ ဗီဇာအပေါ် သတ်မှတ်ထားသော ဦးတည်ချက်အပြင် တခြားအလုပ်များ (ဥပမာ – Part-Time အလုပ်) လုပ်ရန်လိုအပ်သော ခွင့်ပြုချက်ပါ။ ဤခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ပါက ဗီဇာစည်းကမ်းချိုးဖောက်မှုအဖြစ် ကန့်သတ်ချက်များ၊ ဗီဇာပယ်ဖျက်ခြင်းနှင့် နိုင်ငံပြန်ပို့ခြင်းစသည့် ပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။

1. 留学生 (ကျောင်းသား) အတွက် 資格外活動許可

ကျောင်းသားအနေဖြင့် ဂျပန်တွင် ပညာသင်ယူနေစဉ်တွင် Part-Time အလုပ်လုပ်ချင်ပါက 資格外活動許可 လိုအပ်သည်။

(1) လျှောက်ထားရန်အကြောင်းအရာများ:

  • လေဆိပ် တွင် မိမိဂျပန်သို့ ပထမဆုံးဝင်ရောက်လာသောအခါ Disembarkation Card တွင် 資格外活動許可申請 (✓) လုပ်နိုင်ပါသည်။
  • လဝကရုံး (Immigration Office) တွင်လည်း လျှောက်လွှာတင်နိုင်ပါသည်။
  • လိုအပ်သောစာရွက်စာတမ်းများ:
    • 在留カード (နေထိုင်ခွင့်ကဒ်)
    • ပတ်စ်ပို့
    • လျှောက်လွှာဖောင်

(2) အချိန်ကန့်သတ်ချက်များ:

  • တစ်ပတ်လျှင် ၂၈ နာရီအထိ Part-Time အလုပ်လုပ်ခွင့် ရသည်။
  • ကျောင်းပိတ်ရက်များတွင် တစ်ရက်လျှင် ၈ နာရီအထိ အလုပ်လုပ်နိုင်သည်။

(3) တားမြစ်ထားသောအလုပ်များ:

  • ဘား၊ ကာရာအိုကေ၊ နိုက်ကလပ်၊ လိင်ပိုင်းဆိုင်ရာလုပ်ငန်းများ။

2. 家族滞在 (မိသားစုမှီခို) အတွက် 資格外活動許可

家族滞在ビザ ကိုင်ဆောင်သူများအနေနဲ့ အလုပ်လုပ်ခွင့်ရဖို့ 資格外活動許可 လိုအပ်ပါသည်။

(1) လျှောက်ထားရန်:

  • ကျောင်းသားများအတိုင်း လေဆိပ်နှင့် လဝကရုံးတွင်လျှောက်ထားနိုင်ပါသည်။

(2) အလုပ်လုပ်ခွင့်များ:

  • တစ်ပတ်လျှင် ၂၈ နာရီအထိ Part-Time အလုပ်လုပ်ခွင့် ရပါသည်။

(3) သတိထားရမည့်အချက်များ:

  • တားမြစ်ထားသော အလုပ်အမျိုးအစားများကို လုပ်ရမည်မဟုတ်ပါ။

3. 就労ビザ (အလုပ်သမားဗီဇာ) အတွက် 資格外活動許可

就労ビザ ကိုင်ဆောင်သူများအနေနဲ့ အဓိကအလုပ်အပြင်အခြားအလုပ်副業 (Fukugyou) လုပ်ချင်ပါက 資格外活動許可 လိုအပ်နိုင်ပါသည်။

(1) လျှောက်ထားရန်:

  • လဝကရုံးတွင် လျှောက်ထားရမည်။
  • လိုအပ်သောစာရွက်စာတမ်းများ:
    • 在留カード (နေထိုင်ခွင့်ကဒ်)
    • ပတ်စ်ပို့
    • လျှောက်လွှာဖောင်

(2) အဓိကအလုပ်ရှင်၏ ခွင့်ပြုချက်:

  • အဓိကအလုပ်ရှင်က 副業 (ပြင်ပအလုပ်) လုပ်ခွင့်ကို ခွင့်ပြုရမည်။

(3) 資格外活動許可 ရရန် အလုပ်မျိုးအလိုက်:

  • တူညီသောလုပ်ငန်းများ – ဥပမာ IT Engineer အလုပ်နှင့် Web Developer အလုပ်များတွင် 資格外活動許可 မလိုအပ်ပါ။
  • မတူညီသောလုပ်ငန်းများ – ဥပမာ IT Engineer အလုပ်နှင့် Japanese Language ဆရာအဖြစ် အလုပ်လုပ်ချင်ပါက 資格外活動許可 လိုအပ်ပါသည်။

သတိပြုရန်

資格外活動許可 မရှိဘဲ အလုပ်လုပ်ပါက ဗီဇာစည်းကမ်းချိုးဖောက်မှုအဖြစ် စစ်ဆေးမှုများကို ခံရနိုင်ပြီး ဗီဇာပယ်ဖျက်ခြင်းနှင့် နိုင်ငံပြန်ပို့ခြင်းခံနိုင်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top