食品衛生責任者ဆိုတာဘာလဲ?
စားသောက်ဆိုင်ဖွင့်လှစ်ဖို့အတွက် သန့်ရှင်းရေးစီမံခန့်ခွဲမှုဟာအရမ်းအရေးကြီးပါတယ်။ ဒါကြောင့်ဆိုင်အားလုံးမှာ အစားအသောက်သန့်ရှင်းရေးတာဝန်ယူသူကို အနည်းဆုံးတစ်ယောက်ခန့်အပ်ရမယ်လို့ ဥပဒေက သတ်မှတ်ထားပါတယ်။ သန့်ရှင်းရေးစီမံခန့်ခွဲမှုတာဝန်ယူသူ အစားအသောက်သန့်ရှင်းရေးတာဝန်ယူသူဟာ အစားအသောက်နဲ့ ဆိုင်င်တွင်းရဲ့သန့်ရှင်းရေးစီမံခန့်ခွဲမှုအတွက်တာဝန်ယူတဲ့သူပါ။
လက်မှတ်ရယူဖို့
လက်မှတ်ရယူဖို့အတွက်တစ်ရက်သင်တန်းတက်ရပါတယ်။ Onlineကနေလည်တက်လို့ရသလို ကိုယ်တိုင်လည်း စာသင်ခန်းမှာ သွားရောက်သင်ယူလို့ရပါတယ်။ သင်တန်းအတွက် တစ်ရက်အချိန်ပေးရပြီး သင်တန်းပြီးရင်စာမေးပွဲဖြေရပါတယ်။ အရမ်းမခက်ပါဘူး။
စာတိုက်ကနေသင်တန်းလျှောက်နည်း(TOKYO ) *စာသင်ခန်းသွားရောက်ရန်လို
လိုအပ်သည့်အရာများ -စာအိတ် ၂စောင် -၁၁၀တန်တံဆိပ်ခေါင်း ၂စောင် -လျှောက်လွှာ
လျှောက်လွှာကို စာအိတ်ထဲထည့် တံဆိပ်ခေါင်းကပ်ပြီး စာတိုက်ပုံးထဲထည့်ပါ။ စာအိတ်အပိုမှာက ကိုယ့်လိပ်စာရေးပြီး တံဆိပ်ခေါင်းကပ်ထည့်ပေးလိုက်ပါ။
ပို့ရမယ့်လိပ်စာ 〒111-0042 台東区寿4-15-7 食品衛生センター4階 一般社団法人東京都食品衛生協会 講習事業部 行 責任者講習会申込書 在中
တစ်ပါတ်လောက်နေရင် မိမိနေအိမ်သို့ စာအိတ်ပြန်ရောက်လာပါလိမ့်မယ်။
လျှောက်လွှာကို print ထုတ်ပြီး -ကိုယ့်ရဲ့ အမည် မွေးနေ့ လိပ်စာ ဖုန်းနံပါတ် -လျှောက်ထားတဲ့ ရက်စွဲ -သင်တန်းတက်ရောက်ချင်တဲ့ ရက်ကိုရွေး (အနည်းဆုံး သုံးရက်ထည့်ပေးရပါမည်)
https://www.toshoku.or.jp/training/seki-mousikomi.html
လ/ရက်အလိုက် သင်တန်းတက်လို့ရမယ့် ရက်စွဲကို Website တွင်စစ်ဆေးပါ။ https://www.toshoku.or.jp/shikaku/index.php လျှောက်လွှာတွင် အဆင်ပြေမယ့်ရက် ၃ရက်အထိ ထည့်ပေးရပါတယ်။ လူပြည့်သွားလို့ ကိုယ်တက်ချင်တဲ့နေ့မတက်ရတာတွေလည်းရှိတတ်လို့ လျှောက်လွှာစောစောပို့ဖို့လိုပါတယ်။
သင်တန်းအချိန်-၆နာရီခန့်
သင်တန်းအကြောင်းအရာ
သန့်ရှင်းရေးစီမံခန့်ခွဲမှုအခြေခံအသိပညာ၊ ဆိုင်လုပ်ငန်းလည်ပတ်ရာတွင်သတိထားရမည့်အချက်များ
သင်တန်းပြီးပါက သင်တန်းပြီးဆုံးကြောင်းလက်မှတ် (အနီရောင်စာအုပ်)ထုတ်ပေးပါတယ်။
ကုန်ကျစရိတ် မြို့အလိုက်၅,၀၀၀ယန်းမှ ၁၂,၀၀၀ယန်းအထိကုန်ကျပါတယ်။