
ကာလတိုနေထိုင်ခွင့်ဗီဇာ 短期滞在ビザ (Tankitai Visa) ဆိုတာက ဂျပန်နိုင်ငံကို ခရီးသွားရောက်လည်ပတ်ခြင်း၊ မိတ်ဆွေ/မိသားစုတွေနဲ့တွေ့ဆုံခြင်း၊Business trip အရသွားရောက်ခြင်းတို့အတွက် လျှောက်ထားရတဲ့ ဗီဇာပဲဖြစ်ပါတယ်။ အများဆုံးရက် ၉၀ အထိနေခွင့်ရနိုင်ပါတယ်။
🧳 မိမိအစီအစဉ်ဖြင့်သွားရောက်လည်ပတ်မည်ဆိုပါက
✅ လိုအပ်သောစာရွက်စာတမ်းများ
- 🛂 နိုင်ငံကူးလက်မှတ်
- 📝 ဗီဇာလျှောက်လွှာပုံစံ
- 📸 ဓာတ်ပုံ (45mm x 45mm, ၆လအတွင်း ရိုက်ကူးထားရမည်)
- ✈️ အသွားအပြန်လေယာဉ်လက်မှတ် ကြိုတင်မှာထားကြောင်းအထောက်အထား
📌
- 👨💼 ကုမ္ပဏီဝန်ထမ်း
- အလုပ်အကိုင်ထောက်ခံစာ (ရာထူး၊ ဝင်ရက်၊ လစာ၊ ခွင့်ရက် ဖော်ပြရန်)
- 👨🎓 ကျောင်းသား
- ကျောင်းတက်နေကြောင်းထောက်ခံစာ + အုပ်ထိန်းသူ၏အလုပ်အကိုင်ထောက်ခံစာ
- 👩👧 မှီခိုသူ
- မှီခိုနေသူ၏အလုပ်အကိုင်ထောက်ခံစာ
💴 ဘဏ်စာအုပ် (မူရင်းနှင့် မိတ္တူ) 🗓 နေထိုင်သွားလာမည့်အစီအစဉ် (ရက်အလိုက်၊ တည်းခိုမည့်နေရာ၊ ဆက်သွယ်ရန်) 🏨 ဟိုတယ်ကြိုတင်မှာထားကြောင်းအထောက်အထား
📌 သတိပြုရန်
- 🗓 စာရွက်စာတမ်းများသည် ထုတ်ပေးသည့်နေ့မှ ၃လအတွင်း ဖြစ်ရမည်။
- 🈶 မြန်မာလိုစာတမ်းအားလုံးကို ဂျပန်/အင်္ဂလိပ်ဘာသာပြန်နှင့် တင်ရမည်။
- 📄 မူရင်း + မိတ္တူ တင်ရန်လိုအပ်သည်။
👪 ဆွေမျိုး / မိတ်ဆွေအလည်အပတ်ဖြင့်သွားပါက
✅ လိုအပ်သောစာရွက်စာတမ်းများ
- 🛂 နိုင်ငံကူးလက်မှတ်
- 📝 ဗီဇာလျှောက်လွှာပုံစံ
- 📸 ဓာတ်ပုံ (45mm x 45mm)
- ✈️ အသွားအပြန်လေယာဉ်လက်မှတ်
- 👨👩👧👦 အိမ်ထောင်စုစာရင်း
- 🧾 ဆွေမျိုး / မိတ်ဆွေဖြစ်ကြောင်းအထောက်အထား
- 📬 ဆက်သွယ်မှုသက်သေများ (ဓာတ်ပုံ၊ အီးမေးလ်၊ စာတို၊ SNS)
💴 ထောက်ပံ့မှုရှိသူဖြစ်လျှင် ဘဏ်စာအုပ်မူရင်းနှင့်မိတ္တူ 📄 အလုပ်အကိုင်ထောက်ခံစာ
👨💼 ဂျပန်ဘက်မှ ဖိတ်ခေါ်သူထံမှ
- 📩 ဖိတ်ခေါ်စာ
- 🗂 ဖိတ်ခေါ်ရသည့်အကြောင်းအရာသက်သေစာရွက်စာတမ်းများ
- 🗓 နေထိုင်သွားလာမည့်အစီအစဉ်
- 👨👩👧👦 ဂျပန်ဖိတ်ခေါ်သူ၏JUMINHYO
- 🛂 နိုင်ငံခြားသားဖြစ်ပါက Residence Card မိတ္တူ / Passport မိတ္တူ
💰 ကုန်ကျစရိတ်ကျခံသူဖြစ်ပါက
- ၀င်ငွေခွန်အထောက်အထားပြစာရွက်စာတမ်း ဘဏ်စာအုပ်မိတ္တူ၊ KAKUTEI SHINKOKUSHO HIKAE
📌 သတိပြုရန်
- 🗓 စာရွက်စာတမ်းများသည် ထုတ်သည့်နေ့မှ ၃လအတွင်း ဖြစ်ရမည်။
- 🈶စာရွက်စာတမ်းများအား ဂျပန်/အင်္ဂလိပ်ဘာသာပြန်ပါ။