ဂျပန်မှာ ပညာရှင်အလုပ် (white-collar job) လုပ်ချင်သူတွေ အတွက် Work Visa ဟာ အရေးကြီးတဲ့အထဲမှာတစ်ခုပါ။ Work Visa ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်တွေလုပ်လို့ရလဲ၊ ဘယ်လိုလိုအပ်ချက်တွေဖြစ်မလဲဆိုတာအပြည့်အစုံ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
1) Work Visa ဆိုတာဘာလဲ?
ဂျပန်လို “技術・人文知識・国際業務ビザ(Gijinkoku Visa)” လို့ခေါ်ပြီး၊ ပညာရှင်အလုပ်များတွင်လုပ်ကိုင်နိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။
- ဥပမာ – IT, Marketing, Translator, Designer, Office Work စတဲ့ နယ်ပယ်တွေ
2) မြန်မာနိုင်ငံကနေ Work Visa လျှောက်ဖို့ဘာတွေလို?
🇲🇲 မြန်မာမှ Work Visa လျှောက်ဖို့ အခြေခံလိုအပ်ချက်များမှာ –
- ဘွဲ့တစ်ခုခု ရထားရမယ် (ဘွဲ့မရှိပါက နယ်ပယ်နှစ် ၁၀ အတွေ့အကြုံရှိရမယ်)
- ဘာသာပြန်၊စကားပြန်အလုပ်ဆို အလုပ်အတွေ့အကြုံ ၃နှစ်နှင့်အထက်ရှိရမယ်)
- IT ပိုင်းဆိုရင် ITPEC စာမေးပွဲအောင်ထားခြင်း
- JLPT N2 အထက်ရှိခြင်း (လုပ်ငန်းခွင်တွင်အဆင်ပြေစေရန်)
3) ဘွဲ့နဲ့အလုပ်နယ်ပယ် ပတ်သက်မှု
လျှောက်မယ့်အလုပ်နဲ့ ဘွဲ့ရထားတဲ့အကြောင်းအရာ တူရပါမယ်။
ဥပမာ –
📘 Engineering ဘွဲ့ရထားသူက Developer, CAD Engineer စတဲ့နယ်ပယ်နဲ့ပတ်သက်တဲ့အလုပ်လျှောက်လို့ရပါမယ်။
4) ဗီဇာသက်တမ်းနဲ့အခွင့်အရေးများ
Work Visa သက်တမ်းများမှာ –
- 1 နှစ် / 3 နှစ် / 5 နှစ်
သက်တမ်းကုန်သွားလည်း ထပ်တိုးနိုင်ပါတယ်။
🎯 သတ်မှတ်ချက်ပြည့်ပါကအမြဲတမ်းနေထိုင်ခွင့်, နိုင်ငံသားပြောင်းခြင်းတို့လည်း လုပ်နိုင်ပါသည်။
5) လုပ်ခလစာ (Salary)
အလုပ်ဝင်ခါစ–
💴 ¥180,000 ~ ¥250,000 / လ
📦 ဘောနပ်စ်နှစ် ၂ ကြိမ်
🕒 အချိန်ပိုလုပ်လျှင် OT ကြေး
5) Work Visa ရဲ့ အားသာချက်များ
✨ ဂျပန်လူမျိုးတွေနဲ့တန်းတူအခွင့်အရေး
✨ ပိတ်ရက်များ
✨ လုပ်ခလစာကောင်း
✨ အလုပ်ပြောင်းနိုင်
✨ နောက်ပိုင်းတွင် Long-term visa ပြောင်းလို့ရ
Work Visa ဟာ ဂျပန်မှာ ရေရှည်နေထိုင်ပြီး ပညာရှင်အလုပ်လုပ်ချင်တဲ့သူတွေ အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
📩 မေးစရာရှိရင် Comment မှာမေးနိုင်ပါတယ်။