ဂျပန်မှာအိမ်ငှားတဲ့အခါသတိထားရမည့်အချက်များ

အိမ်ရှာနေရင်း အိမ်အကြောင်းရေးထားတဲ့စာရွက်မှာ (告知事項あり)ဆိုပြီးရေးထားတာတွေ့ဖူးကြလား ⁉

“告知事項あり” ဆိုတာ အိမ်ငှားသူတွေ မဖြစ်မနေသိထားဖို့ အရေးကြီးတဲ့ “瑕疵 (かし)” (ချို့ယွင်းချက်) ရှိတယ်လို့ ဆိုလိုတဲ့ အိမ်မျိုးပါ ⛔

အဲ့လိုအိမ်အမျိုးအစားက (4) မျိုးရှိပါတယ်

📛 နံပါတ်(၁)အနေနဲ့ကတော့ 心理的瑕疵 (しんりてきかし) အိမ်ပါ

ဒီလိုအိမ်တွေကတော့ မတော်တဆမှု၊ မိမိကိုယ်ကိုသတ်သေမှု၊ လူသတ်မှု အစရှိတဲ့ လူသေမှုဖြစ်ဖူးထားတဲ့အိမ်မျိုးပါ

ဒီအိမ်တွေကို ငှားတော့မယ်ဆိုရင်တော့ ဂျပန်ရောက်မြန်မာတို့ အကြောက်ဆုံးဖြစ်တဲ့ သရဲရှိနိုင်ချေက %များနိုင်တဲ့အတွက် သတိထားသင့်ပါတယ်

📛 နံပါတ် (2)အနေနဲ့ကတော့ 物理的瑕疵 (ぶつりてきかし) အိမ်မျိုးပါ

ဒီလိုအိမ်တွေကတော့ အဆောက်အအုံ မှာ

– မိုးယိုတာ

– ပိုးကောင်/ပိုးဟပ်တွေရှိတာ

– မီးလောင်ပြီး အဆောက်အအုံ ပျက်စီးချို့ယွင်းနေတာ အစရှိတဲ့ အားနည်းချက်/ ပြဿနာရှိနေတဲ့ အိမ်မျိုးဖြစ်နေနိုင်လို့ ဒီအချက်ကိုလည်း သတိထားရပါမယ်

📛 နံပါတ်(3)အနေနဲ့ကတော့ 環境的瑕疵 (かんきょうてきかし) လို့ခေါ်တဲ့ အိမ်မျိုးပါ

ဒီအိမ်တွေကတော့

– အမှိုက်စွန့်ပစ်တဲ့နေရာ (သို့) မိလ္လာလိုင်း အနီးမှာတည်ရှိနေတာကြောင့် အနံ့ဆိုးတွေရှိတာ

-အသံဆူညံတာဟ

– လူမိုက်/လူဆိုးဂိုဏ်းတွေနေထိုင်ရာ အနီးမှာ ရှိပြီး လုံခြုံရေး စိုးရိမ်ရတာ

– အရမ်းမြင့်တဲ့ အဆောက်အအုံတွေ ဝန်းရံထားလို့ နေအလင်းရောင်မရတာ၊ လေအဝင်/အထွက်မရှိတာ အစရှိတဲ့ အိမ်ပတ်ဝန်းကျင်မှာ ပြဿနာရှိတာမျိုးတွေကို ဆိုလိုပါတယ်

📛 နောက်ဆုံးနံပါတ် (4) အချက် အနေနဲ့ကတော့. 法的瑕疵 (ほうてきかし) လို့ခေါ်တဲ့ အိမ်ပါ

ဒီလိုအိမ်တွေမှာဆိုရင်တော့ ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေရှိနေတာဖြစ်ပြီး

– 建築基準法 (ဆောက်လုပ်ရေး အခြေခံဥပဒေ) ကို ချိုးဖောက်တဲ့ အိမ်

– ဆောက်လုပ်ရေးစံနှုန်းကိုချိုးဖောက်ထားတဲ့အိမ်

-အိမ်က လမ်းနဲ့မလွတ်လို့ ပြန်ပြင်ရမှာ ပြန်ဖျက်ဆောက်ရမှာတွေရှိနေတဲ့အိမ် အမျိုးအစားတွေဆိုရင်လည်း အထူးကိုသတိထားသင့်ပါတယ်နော်

ဒီလိုအိမ်တွေဟာ ရှင်းစလည်းအောင်ဖို့ မခက်သလို ပုံမှန်ထက် အခန်းသန့်ပြီးစျေးသက်သာတာမျိုးတွေမျိုးတွေဖြစ်တက်ပါတယ် ‼

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top